အချိန်ကားမြန်မာနိုင်ငံကြီး ဖက်စစ်
ဂျပန်တွေလက်အောက်ကြရောက်နေ
ချိန် တောမီးလောင်တောကြောင်
လက်ခမောင်းခက်ဆိုသလို ခေတ်
ပျက်ချိန်မှာ သူခိုးဓားပြတွေကလဲမင်း
မူလို့ မြန်မာတွေဟာ ဂျပန်တွေရဲ့
နှိုတ်စက်မှုတွေကို ခါးစီးပီးခံနေကြရ
ချိန် နူရာဝဲစွဲ လဲရာသူခိုးထောင်းသလို
အသားထဲကလောက်ထွက်တဲ့ ဂျပန်
အလိုတော်ရိတွေရဲ့အနိုင်ကျင့်မှုတွေ
ကိုလဲ ပူးတွဲပီးခံနေကြရပါတယ်
ီအဲဒီချိန်မှာပဲ§မြန်မာနိုင်ငံမြေလတ်ဒေ
သရဲ့တစ်နေရာမှာရှိတဲ့ သာသာကုန်းဆိုတဲ့ရွာကြီးတစ်
ရွာမှာ ဂျပန်အလိုတော်ရိ ကိုကို ဆို
တာ ကြီးစိုးမင်းမူလို့နေပါတော့တယ်
အလိုတော်ရိ ကိုကိုဟာ ဒီရွာမှာမွေး
ဒီရွာမှာကြီးပေမဲ့ သူရဲ့မိဘတွေက
လယ်မြေဧကတွေအများကြီးပိုင်ဆိုင်
လေတော့ မြို့ပေါ်ကဟိုက်စကူးမှာ
ကျောင်းထားပေးခဲ့ပါတယ် ဒါပေမဲ့လဲ
အပျော်ပါးမက်တဲ့ကိုကိုဟာ ၈တန်းနဲ့
ပဲကျောင်းထွက်ခဲ့ပါတယ် ရွာမှာက
သေစာ ရှင်စာတောင်မတက်ကြတဲ့
သူတွေထဲမှာ ကိုကိုကတော့သူ့ကိုယ်
သူ မြို့ပိုင်မင်းလောက်ကိုထင်နေ
တော့တာပါပဲ ရွာမှာလဲ ကြက်တိုက်
ဖဲရိုက် ထန်းရည်သောက် သူများသမီးပျိုတွေကိုလဲ ပန်းကောင်းအညွှန့်ချိုး
ဒီလိုနဲ့ပဲ နေလာလိုက်တာ အင်္ဂလိပ်
တွေဆုက်ပီး ဂျပန်တွေဝင်လာတဲ့အ
ခါမှာ မြို့ပေါ်နဲ့အရောက်ပေါက်ရှိတဲ့
ကိုကိုဟာ ဂျပန်တွေရဲ့အောင်မြင်မှု
အနိုင်ထက်လုပ်မှုတွေကိုမြင်ပီး သူ့ရဲ့
နဂိုဗီဇနဲ့ ဂျပန်တွေနဲ့ကိုက်ညီလေ
တော့ ဂျပန်စကားကိုကြိုးစားပီး သင်
ယူပီး ဂျပန်တွေရဲ့စကားပြန်အဖြစ်
လုပ်နေလိုက်ပါတယ် ဒီအခါမှာတော့
ကျားဆိုးကိုအတောင်တက်ပေးသလို
ဖြစ်ပီး သူ့ဒဏ်တွေကိုအခံကြရဆုံးက
တော့ ရွာကလူတွေပါပဲ လက်ထဲမှာ
အာဏာကရှိနေလေတော့ အရင်က
လက်တွန့်စိုးရွံ့ခဲ့တာတွေတောင်မှာ
အခုအခါမှာတော့ လက်မရွံ့လုပ်လာ
ခဲ့ပါတယ် ရွာတွေကလူတွေကတော့
ကိုကို ကိုမုန်းကြလွန်းလို့ သူ့အသံ
ကိုတောင်မကြားခြင်ဘူး အသံကြား
ရတာကို ခိုကြီးငြီးနေသလိုကြီး ကျက်
သရေမရှိဘူးဆိုပြီး သူ့အမည်ကိုလဲ
ခိုခို လို့ပဲခေါ်ကြတော့တာပါပဲ ဒီလိုနဲ့
ခိုခိုတစ်ယောက် အသားကုန်ဆိုး
သွမ်းနေပါတော့တယ်။
သာယာကုန်းရွာကြီးရဲ့အစွန်နားမှာ
တော့ ဆင်းရဲသားလေးမောင်မောင်
ဆိုတာရှိပါတယ် မောင်မောင်ဟာ သူ
များလယ်တွေကို အငှါးယူုပီးလုပ်နေ
ရတဲ့သူပါ မောင်မောင်မှာ နှင်းနုဆိုတဲ့
ညီမတစ်ယောက်ရှိပါတယ် သူတို့မိ
ဘတွေကတော့ နှင်းနုငယ်စဉ်မှာပဲ
ပိုးထိပီးဆုံးပါးသွားကြပါပီ မောင်
မောင်ကတော့ မိဘများမရှိကြတော့
နှင်းနုကို မိဘလိုတဖုံ အကိုလိုတစ်
သွယ် အရိပ်တကြည့်ကြည့်နဲ့ပဲ ပြုစု
စောင့်လျောက်နေခဲ့တာပေါ့ အခုဆို
ရင် နှင်းနုလေးတောင် အပျိုသွေး
လေးကြွယ်ပီး လှသွေးဝင်တဲ့အရွယ်
ကိုရာက်လာပါပီ မောင်မောင်နဲ့နှင်းနု
တို့မောင်နှမ အေးချမ်းစွာနဲ့ပဲဘဝကို
ဖြတ်သမ်းနေကြရင်း တစ်နေ့မှာ
တော့ ကြမ္မာဆိုးကြီးဟာ ဝင်ရောက်လာပါတော့တယ်။
“ကိုကြီး ညီမလေးထမင်းဟင်းတွေ
ချက်ပီးပီ ထွေးမြတို့နဲ့ရေခပ်သွား
လိုက်ဦးမယ်နော်”
“အေးအေး ညီမလေး စောစောပြန်
လာခဲ့နော် မိုးမချုပ်စေနဲ့ ခေတ်ကာလ
ကမကောင်းဘူး”
“ဟုတ်ကိုကြီး”
ညီမလေးနှင်းနုထွက်သွားတော့
မောင်မောင်လဲ ရွာအရှေ့ပိုင်းက
လယ်ပိုင်ရှင်ကြီးအိမ်ကိုထွက်လာခဲ့ပါ
တယ် မနေ့ကလယ်ပိုင်ရှင်ကြီးနဲ့တွေ့
တုန်းက မနက်ဖန်ကြရင်လာခဲ့ဦးလို့
ပြောထားလို့ပါ မောင်မောင်က ရိုး
ဖြောင့်တဲ့လူရိုးလူအေးဆိုတော့
လယ်ပိုင်ရှင်ကြီးဟာ မောင်မောင်တို့
မောင်နှမအပေါ်မှာ သနားညှာတာပီး
မကြာခဏခေါ်ပြီး လိုအပ်တာလေး
တွေပေးလေ့ရှိပါတယ်။
“ဟော မောင်မောင်ပါလားဟေ့
လာကွဲ့ ထမင်းစားပီးပီလား မစားရ
သေးရင်စားသွား”
“ဟုတ်ကဲ့ နေပါစေအဘ အိမ်ကြမှပဲ
ညီမလေးနဲ့စားပါတော့မယ် နှင်းနုက
သူချက်ထားတာလေးနဲ့ အတူတူစား
မှကြိုက်တာမို့ပါ”
“အင်းးဒီမောင်နှမနှစ်ယောက်က
တယ်လဲ သံယောဇဉ်ကြီးကြသကိုးကွဲ့”
“ဒါနဲ့အဘ ကျနော့ကိုခေါ်ရတဲ့အ
ကြောင်းလေးကရောခင်ဗျ”
“အေး ခေါ်ရတဲ့အကြောင်းရင်းက
တော့ ဒီနှစ်ငါ့ရဲ့အသက်၆၅နှစ်ပြည့်
မှာ ရွာဦးကျောင်းမှာ ဆွမ်းကပ်မလို့
အဲဒါကို မင်းအနေနဲ့ ချက်ရေးပြုက်
ရေးမှာ ပါဝင်ဖို့ရယ် မြို့မှာနေတဲ့ ငါ့
ညီမတို့မိသားစုလာရင် လှည်းနဲ့သွား
ကြိုပေးဖို့ရယ်ပါပဲ သူတို့က မြို့ကနေ
ရထားနဲ့လာကြမှာ မင်းက မြိုင်သာ
ဘူတာမှာသွားကြိုရမှာ”
“ဟုတ်ကဲ့အဘ အပန်းမကြီး ရပါ
တယ် မြို့ကဧည့်သယ်တွေကို ဘယ်
နေ့သွားကြိုရမလဲအဘ”
“ဖိန်းနွဲခါကြရင် လာကြလိမ့်မယ်
မင်းကမနက်စောစောထပီးသွားပေါ့”
“ဟုတ်ကဲ့အဘ အဲဒါဆိုရင် ကျနော်
ုပြန်လိုက်ပါဦးမယ်”
မောင်မောင်လယ်ပိုင်ရှင်ကြီးကို
နှုတ်ဆက်ပီးပြန်လာတော့ မှောင်စ
တောင်ပြုနေပါပီ အင်းး ညီမလေး
နှင်းနုတော့ ပြန်ရောက်နေလောက်ပီ
ထမင်းစားဖို့များ စောင့်နေမလားပဲ
ဒီနှစ်ဘုရားပွဲမတိုင်ခင် ညီမလေးကို
ထဘီနဲ့အင်္ကျီဝယ်ပေးရဦးမယ် သူများ
နှယ်တူဝတ်ရအောင်ပေါ့ အင်းး ပြော
မဲ့သာပြောရတာ စားဖို့တောင်အနိုင်
နိုင်ဆိုတော့ ဘာပဲဖြစ်ဖြစ်လေ
စုဆောငိးပီးတော့ဝယ်ပေးရမှာပဲ
ရွာပွဲမှာ ညီမလေးမျက်နာမငယ်ဖို့ပဲ
အရေးကြီးပါတယ်။
မောင်မောင်လဲ
ညီမလေးအကြောင်းတွေးရင်းနဲ့ပဲ
အိမ်ရှေ့ရောက်လာခဲ့ပါတယ်
အိမ်တစ်လုံးလဲ မှောင်နေပါလား မီး
လဲထွန်းမထားဘူး နှင်းနုပြန်မရောက်
သေးတာလား တွေးရင်းနဲ့အိမ်ထဲကို
ဝင်လာခဲ့ပါတယ် ။
နှင်းနု ညီမလေး နှင်းနုလို့ခေါ်ရင်း
ရေနံဆီမီးခွက်လေးကိုထွန်းလိုက်ပါ
တယ် တစ်ခါထက်ခေါ်တော့လဲ
ပြန်ထူးသံမကြားရတော့ မောင်မောင်
စိတ်ထဲ ထင့်သွားရပါပီ ညီမလေးက
ခါတိုင်းရေခပ်သွားရင် ဒီအချိန်ထိ
ဘယ်တော့မှမနေပါ ဘာများဖြစ်နေ
လို့ပါလိမ့် မဖြစ်သေးပါဘူး ထွေးမြတို့
အိမ်သွားမေးမှနေမယ် ဆိုပြီး အိမ်ထဲ
အထွက်မှာ အိမ်ဝင်းအပေါက်ကနေ
အသံကြားလိုက်ရလို့ အိမ်ထဲက မီး
အလင်းရောင်နဲ့သေခြာကြည့်လိုက်
တော့ နှင်းနုပြန်လာတာကို တွေ့
လိုက်ရပါတယ်။
“ညီမလေးနှင်းနု ကြာလှပါလား
ဘာတွေများဖြစ်လို့လဲလို့ ကိုကြီးကလိုက်ရှာတော့မလို့ မျက်နာလဲမ
ကောင်းပါလား ဘာဖြစ်လာလို့လဲ”
“ဟင့် ဟင့် ကိုကြီး ညီမလေးလေ
ညီမလေး ဟင့် ဟင့်”
“ဟင် ဘာဖြစ်တာလဲညီမလေး
ကိုကြီးကိုပြော ဘာဖြစ်လာတာလဲ”
“ဟင့် ကိုကြီး ညီမလေးရှက်တယ်
ညီမလေးမပြောခြင်ဘူး”
“မထိပ်သာမလန့်သာ ရှိလိုက်တာ
ညီမလေးရယ် ငိုနေလို့မပီးသေးဘူး
ဘာဖြစ်တယ်ဆိုတာပြောမှ ကိုကြီး
က လုပ်စရာရှိတာလုပ်ရမှာလေ
မရှက်နဲ့ညီမလေး ဖြစ်တာကိုသာ
ကိုကြီးကိုပြောပြ”
“ဟုတ်ကိုကြီး ဒီလိုပါ ညီမလေးတို့
ရေခပ်ပြန်လာတော့ ဟို ခိုခိုဆိုတဲ့
လူကြီးက ညီမလေးရှေ့မှာပိတ်
ရပ်ပီးတားလိုက်ပါတယ် ပီးတော့သူ
ကပြောတယ် ဟဲ့ကောင်မလေး နင့်
ကို ငါချစ်တယ်တဲ့ အဲလိုပြောပီး ညီမ
လေးလက်ကိုဆွဲတယ်ကိုကြီး ပီးတော့လေ ဟင့် ဟင့် ညီမလေးမပြော
ရဲတော့ဘူး ရှက်တယ်”
“ပြောပါညီမလေးရယ် ပီးတော့ဘာ
ဖြစ်သေးလဲ”
“ဟုတ် ပီးတော့လေ အဲဒီခိုခိုက ညီမ
လေးကို ခြုံထဲကိုအတင်းဆွဲခေါ်ပါ
တယ် ထွေးမြတို့ကလဲ အဲဒီခိုခိုဆိုတဲ့လူကြီးကို ကြောက်လို့ပြေးကုန်ကြ
တော့ ညီမလေးတစ်ယောက်ထဲ သူ
ဆွဲခေါ်ရာကို ကြောက်အားလန့်အား
နဲ့ပါသွားရတာပေါ့ ခြုံထဲရောက်တော့
သူက ညီမလေးကိုဖက်လိုက်ပီးးး”
“ဟင့် ရှက်တယ်ကိုကြီးရယ်
ပြန်ပြောပြရမှာကို သူကပြောတယ်
ကိုကြီး သူ့ကိုမကြောက်ပါနဲ့တဲ့
အရင်ကဆိုရင်တော့ကြောက်ပေါ့တဲ့
အခုကြကြောက်စရာမရှိတော့ပါဘူး
တဲ့ ဘာလို့ဆိုရင် သူက အခု အပုန်း
တစ်ယောက်ဖြစ်သွားပီတဲ့ ညီမလေး
ကို အခုလိုအတင်းဆွဲခေါ်လာရတာ
ကလဲ ညီမလေးကို ယောင်းမတော်
ခြင်လို့တဲ့ ညီမလေးကိုချစ်တယ်ဆို
တာကလဲ ယောင်းမလေးလိုချစ်တာ
တဲ့လေ ပီးတော့ အဲဒီခိုခိုကလေ
ကိုကြီးကို တိတ်တခိုးလေးချစ်နေတာကြာပီတဲ့ အဲဒါကြောင့်လဲ သူ့ညီ
လေးကိုဖျက်ပစ်ပီး မျိုးကိုကိုစန်းလို လုပ်လိုက်တော့မယ် ဆိုလား ဘာဆို
လား မသိပါဘူး ကိုကြီးရယ် ညီမ
လေးလဲ ရှက်တာနဲ့အတင်းရုန်းပီး
ထွက်ပြေးလာလိုက်တော့တာပါပဲ”
“ငင့် ငါ့နယ်နော် ဂျပန်အလိုတော်ရိ
လူရမ်းကားကြီးက ညီမလေးကို
ခြုံထဲဆွဲခေါ်သွားတာဆိုတော့ ညီမ
လေးများ ဘဝပျက်ပြီလားလို့ စိုးရိမ်
လိုက်ရတာ အခုတော့ ငါပဲ ဘဝပျက်
ရမဲ့ကိန်းပါလား ခိုခိုရယ်”
ပြီးပါပြီ...။
